ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီးအတွင်းရှိကုန်စည်ဒိုင်တို့၏ (၃ - ၃ - ၂၀၂၀)ရက်နေ့ ကုန်စျေးနှုန်းနှင့်အပတ်စဉ်ကာလတူနှိုင်းယှဉ်ချက်

Last Updated:

(၃ --၂၀၂၀) ရက်နေ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်နေ့စဉ်ပေါက်စျေးနှုန်းနှင့်တစ်ပါတ်အတွင်းနှိုင်းယှဉ်ချက်၊

                                                                                                       ရက်စွဲ၊ ..၂၀၂၀

 

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

 

နှမ်း

          ယခင်( ၂၅--၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်ဂွနက်/ရိုးရိုး (၅၀၀၀/) ၊  နှမ်းဖြူ(၃၀၀၀/-)(၄၀၀၀/-) ၊နှမ်းဖြူ-‌ရေသွင်း(၂၀၀၀/-)(၃၀၀၀/-) ၊နှမ်းနီ(၄၀၀၀/-)၊ နှမ်းညိုကြား  (၂၀၀၀/-) ကျပ် စျေးတက်ပြီး   အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၈၅၀ မှ ၁၀၀၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

 

ပဲမျိုးစုံ

          ပဲမျိုးစုံမှာ  ယခင် ( ၂၅--၂၀၂၀ )  ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲလွန်းဝါသေး  (၂၈၀၀/-)၊ ပဲကြီးမဲ (၃၅၀၀/-)  ၊စားတော်ပဲ(၅၀၀/-) ကျပ်    စျေးတက်ပြီး ကုလားပဲ (929) ( ၅၀၀/- )၊  ကုလားပဲ (HL)  (၁၄၀၀/- )    ၊  ကုလားပဲသေး(၁၀၀၀/-) ၊ ပဲထောပတ်(၂၅၀၀/-)     ၊ ပဲစဉ်းငုံ (သစ်) (၅၀၀/-) ၊ မတ်ပဲ (၇၀၀/-)  ကျပ် စျေးကျ ကာ    ကျန် ပဲမျိုးစုံ    စျေး များ  အပြောင်း အလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။

 

မြေပဲဆံ

          မြေပဲဆံအနေဖြင့််ယခင်( ၂၅--၂၀၂၀ )ရက်စျေးနှုန်းထက် မြေပဲလုံးဆံနီ(လိုင်း)(၁၀၀/-) ကျပ်စျေးတက်ပြီး မြေပဲလုံးဆံဖြူ(လိုင်း)၊ မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး)  မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။

 

ဆီ

          ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ( ၂၅..၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ (၁၃၀/-) ကျပ်စျေးကျပြီး၊ နှမ်းဆီ၊ မြေပဲဆီ၊အပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။

 

 

ဆန်

          မကွေးကုန်စည်ဒိုင်စျေးအရ ဆန်အနေဖြင့် (၂၅.၂.၂၀၂၀)ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်၊ ပေါ်ဆန်းမွှေးဖျာပုံ၊ ပေါ်ဆန်မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။